ဆောင်းပါး

 

ပူးပေါင်းကြံစည်မှု နောက်ကွယ်မှ လျှို့ဝှက်အစီအစဉ်

ကယား(ကရင်နီ)ပြည်နယ်အတွင်း၂၀၁၅ခုနှစ်နောက်ပိုင်းတွင်ပြည်နယ်အတွင်းသို့လာရောက်ရင်းနှီးမြှုပ်နံှရန်ချဉ်းကပ်လာသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်ပိုမို၍များပြားလာသည်။အချို့သောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိတော့သော်လည်းအချို့သောစီမံကိန်းများသည်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကိုစတင်လုပ်ဆောင်နေပြီးဖြစ်သည်။ထိုအထဲမှကယား(ကရင်နီ)ပြည်အတွင်းလာရောက်ရင်းနှီးမြှုပ်နှံရန်ချဉ်းကပ်လာသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သည့်“ Myanmar-Global South Industrial Park” စီမံကိန်းနှင့်ပတ်သက်၍ထိုစီမံကိန်း၏နောက်ခံအကြောင်းအရာ၊ချဉ်းကပ်သည့်ပုံစံနှင့်ရင်းနှီးမြှုပ်နံှမှုပုံစံတို့အပြင်ဤစီမံကိန်းတွင်ပါဝင်ပတ်သက်သောသူများ၏ပွင့်လင်းမြင်သာမှု၊တာဝန်ယူတာဝန်ခံမှုတို့နှင့်စပ်လျဉ်း၍လေ့လာသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ဤစီမံကိန်းကြီးသည်တရုတ်နိုင်ငံအခြေစိုက်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောHunan Global South Industrial Company Limited မှစီမံကိန်း၏ရင်းနှီးမြှုပ်နှံမှုအများဆုံးကိုထည့်သွင်းရင်းနှီးမြှုပ်နံှ၍နှစ်ရှည်အကောင်အထည်ဖော်သွားမည့်စီမံကိန်းတစ်ခုဖြစ်သည်။ဤစီမံကိန်းသည်ရင်းနှီးမြှုပ်နံှမှုပမာဏများသောစီမံကိန်းတစ်ခုဖြစ်သည့်အပြင်ကယား(ကရင်နီ)ပြည်တွင်သာမကမြန်မာနိုင်ငံတစ်နိုင်လုံးတွင်အကြီးမားဆုံးသောစီမံကိန်းအမျိုးအစားတစ်ခုအပါအဝင်ဖြစ်သည်။ထို့အပြင်ဤစီမံကိန်း၏အစိတ်အပိုင်းအချို့မှထွက်ရှိလာမည့်အဆင့်မြှင့်ထုတ်ကုန်များ(၁၀၀)ရာခိုင်နှုန်းကိုနိုင်ငံခြားသို့တင်ပို့သွားမည်ဖြစ်သည်။သို့သော်လည်းဤစီမံကိန်းကြီးတစ်ခုလုံးနှင့်သက်ဆိုင်သောသတင်းအချက်အလက်၊စီမံကိန်းအမျိုးအစား၊နောက်ဆက်တွဲဆိုင်ရာစိန်ခေါ်မှုများနှင့်စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသရှိဒေသခံပြည်သူလူထုများ၏အများစုသည်ဤစီမံကိန်းကြီးနှင့်ပတ်သက်သောအကြောင်းအရာများကိုသိရှိနိုင်မှုပင်မဆိုထားနှင့်သိရှိနိုင်ခွင့်၏အပြင်ဘက်တွင်ပစ်ပယ်ခြင်းခံနေရပါသည်။နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖွံ့ဖြိုးတိုးတက်လာရန်ဟူသောစီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုသာမျှော်ကိုး၍မှားယွင်းသောဆုံးဖြတ်ချက်များကိုပြုလုပ်ခြင်းကြောင့်လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများ၊အခြားသောလူမှုယဉ်ကျေးမှုတန်ဖိုးထားမှုများကိုပြန်လည်မရရှိနိုင်တော့သည့်ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများ၏အတွေ့အကြုံများမှသင်ခန်းစာများရယူရန်လိုအပ်ပါသည်။အဘယ်ကြောင့်ဆိုသော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟူသောမက်လုံးများ၏နောက်ကွယ်မှကြောက်စရာအလွန်ကောင်းသည့်တိတ်တဆိတ်ရေးဆွဲထားသောအစီအစဉ်များနှင့်ပူးပေါင်းကြံစည်မှုများ၏ထောင်ချောက်တွင်းသို့မကျရောက်အောင်သတိပြုရမည်ဖြစ်သည်။သို့မဟုတ်ပါကနိုင်ငံသားများနှင့်နိုင်ငံတစ်ခုလုံး၏အချုပ်အခြာအာဏာသည်ထိုမက်လုံးများဖြင့်ထာဝစဉ်ထိန်းချုပ်ခြင်းခံသွားရစေနိုင်သောကြောင့်ဖြစ်သည်။ ...
ထိန်းချုပ်မှုများအောက်မှအရှိန်အဟုန်ဖြင့် ရုန်းထွက်ရန်၊ တန်ပြန်တု့ံပြန်ရန်လိုအပ်နေသော တိုင်

ထိန်းချုပ်မှုများအောက်မှအရှိန်အဟုန်ဖြင့် ရုန်းထွက်ရန်၊ တန်ပြန်တု့ံပြန်ရန်လိုအပ်နေသော တိုင်

အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဆိုလျားကူးကျေးရွာအနီး၊ ဖရူဆိုမြို့နယ်   ထိန်းချုပ်မှုများအောက်မှအရှိန်အဟုန်ဖြင့် ရုန်းထွက်ရန်၊ တန်ပြန်တု့ံပြန်ရန်လိုအပ်နေသော တိုင်းရင်းသားများ၏ မြေ၊ သဘာဝသယံဇာတနှင့် နယ်နိမိတ်များအရေး (သို့) မြေအခွင့်အရေး စောအယ်စေးရေးသားသည်။ (ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်)   ” ကျနော်တို့ရဲ့လက်ထက်မှာ ကျနော်တို့ပိုင်ဆိုင်တဲ့ မြေနဲ့သဘာဝအရင်းအမြစ်တွေကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် အချုပ်အခြာအာဏာတွေရှိနေရမယ် ” အမျိုးသားတန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူမှုတရားမျှတမှုနှင့်လွတ်လပ်ခွင့်စသည်တို့အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ဆယ်စုနှစ်ခုနှစ်စုနီးပါးခန့်ရှိပြီဖြစ်သော မပြီးဆုံးသေးသည့် လက်နက်ကိုင်ခုခံတော်လှန်ရေးကို ယနေ့ထိတိုင်ဆက်လက်ဆင်နွဲနေကြရပြီး တစ်ပြိုင်နက်ထဲတွင် ငြိမ်းချမ်း သောနည်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ၄င်းတို့မျှော်မှန်းသောပန်းတိုင်သို့ရောက်ရှိရန်အတွက် ဆက် လက်တိုက်ပွဲဝင်နေကြရပါသည်။ ထိုသို့၄င်းတို့မျှော်မှန်းထားသော ပန်းတိုင်သို့ရောက်ရှိရန်လမ်းခရီးစဉ်တွင် အသက်သွေးချွေးဘဝပေါင်းများစွာသည်ပေးဆပ်ခဲ့ရပြီးဖြစ်ပြီး အချို့တို့သည်လည်းနောက်ပြန်လှည့်ခြင်း၊ ဤ လမ်းခရီးမှထွက်ခွာသွာခြင်းများရှိသလို အချို့တို့သည်လည်း ၄င်းတို့မျှော်မှန်းထားသောပန်းတိုင်သို့ရောက်ရှိရန် မပြီးဆုံးသေးသည့်ခရီးကို ဆက်လက်ချီတက်နေကြရပါသည်။ သို့သော်လည်း ခေတ်အဆက်ဆက်မှဖိနှိပ်ခြင်း ယန္တရားများသည်အားနည်းသွားခြင်းမရှိဘဲ ...
ဖွံ့ဖြိုးရေးအကျဉ်းတန်မှု &; ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုမဲ့နေမှုများ

ဖွံ့ဖြိုးရေးအကျဉ်းတန်မှု &; ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုမဲ့နေမှုများ

ကယားပြည်နယ်၏အထင်ကရနေရာဖြစ်သော လွိုင်နန်းဖတောင်၏နေဝင်ချိန်ရှုခင်းကို လွိုင်ကော်မြို့မှလှမ်းမြင်နေရပုံ (photo – KEAN) ဖွံ့ဖြိုးရေးအကျဉ်းတန်မှု – ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုမဲ့နေမှုများ written by ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက် (KEAN)   ” အခုချိန်မှာ ဒီလိုစီမံကိန်းမျိုးမလိုအပ်ဘူး၊ အချိန်မတန်သေးဘူး၊ ဒီလိုစီမံကိ်န်းမျိုးအစား ပြည်သူလူထုကို အမှန်တစ်ကယ်အကျိုးရှိစေမယ့် အခြားစီမံကိန်းကိုလုပ်ပါလား”ဟုပြောလာသူကား ဒေသခံပြည်သူများကို ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့်ထိခိုက်လာနိုင်မည့်ဆိုးကျိုးမှ ဦးဆောင်ကန့်ကွက်လှုပ်ရှားသူ၊ စီမံကိ်န်းကို အကောင်အထည်ဖော်လိုသူများ၏ အသက်အန္တရယ်ခြိမ်းခြောက်ခံမှုကိုခံနေရမှုကိုခံနေရသော ဒေသခံတစ်ဦီးမှ ကယားပြည်နယ်တွင် ပထမဆုံးတည်ဆောက်ရန်လျာထားခြင်းခံရသော၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ လည်းအကြီးစားအတန်းဝင်စီမံကိန်းတစ်ခုဖြစ်သော ညီညာစွမ်းအားစုလုပ်ငန်းကုမ္မဏီလိမိတက်မှအကောင် အထည်ဖော်ဆောင်ရွက်မည့် တစ်နေ့တန်(၄၀၀၀)ကျ ဘိလပ်မြေစက်ရုံနှင့်ပတ်သက်ပြီး၄င်း၏ထုတ်ဖော် ပြောကြားမှုပင်ဖြစ်ပါသည်။ Square Power Group Co.ltd (ညီညာစွမ်းအားလုပ်ငန်းစုကုမ္မဏီလိမိတက်) ဆိုသည်မှာ Asia Square Power Co.Ltd၊ Golden Gate international Co.Ltd၊ Happy Cook ...
မေးခွန်းထုတ်စရာအပြည့်ရှိနေဆဲပင်ဖြစ်သော၂၀၁၂ မြေယာဥပဒေနှင့် ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း

မေးခွန်းထုတ်စရာအပြည့်ရှိနေဆဲပင်ဖြစ်သော၂၀၁၂ မြေယာဥပဒေနှင့် ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း

မေးခွန်းထုတ်စရာအပြည့်ရှိနေဆဲပင်ဖြစ်သော၂၀၁၂ မြေယာဥပဒေနှင့် ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း By Khon Soe Moe Aung, Kayah Earthrights Action Network မြေနှင့်သဘာဝအရင်းအမြစ်များသည် ကယား (ကရင်နီ)ဌာနေတိုင်းရင်းသားများ၏ ဘဝ၊ အသက်၊ မျှော်လင့်ချက်ဟူ၍ တင်စားရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဌာနေတိုင်းရင်း သားများ၏ မြေနှင့် သဘာဝအရင်းအမြစ်များသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အတည်ပြုပြဌာန်းလိုက်သည့် ၂၀၁၂ လယ်ယာ မြေဥပဒေ၊ ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကြောင့် မြေယာနှင့်ပတ်သက်သော ဌာနေတိုင်းရင်း သားများ၏ ဘဝလုံခြုံမှုသည် မေးခွန်းထုတ်စရာအခြေအနေသို့ ရောက်ရှိလာ ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြဌာန်းလိုက်သည့် မြေယာ ဥပဒေများသည် ဌာနေတိုင်းရင်းသားနှင့်အခြေခံ လူတန်း စားများ၏ မြေယာများကို ...
ဌာနေတိုင်ရင်းသားတို့၏အသက်သခင်(သစ်တော)

ဌာနေတိုင်ရင်းသားတို့၏အသက်သခင်(သစ်တော)

  ဌာနေတိုင်ရင်းသားတို့၏အသက်သခင်(သစ်တော) By Good Willer, Kayah Earthrights Action Network ကယား(ကရင်နီ)ပြည်နယ်သည် သေးငယ်သောပြည်နယ်တစ်ခုဖြစ်နေသော်လည်း သယံဇာတပေါ ကြွယ်ဝသော ပြည်နယ်တစ်ခုအဖြစ်လူသိများကြသည်။ ပြည်နယ် အတွင်းသယံဇာတများစွာရှိ သည့်အနက် သစ်တောနှင့် ဌာနေတိုင်းရင်းသားများ၏ပတ်သက်ဆက်နွယ်မှုများကို ဦးစွာေ ဖာ်ပြလိုပါသည်။ ကယား(ကရင်နီ) ပြည်ရှိ ဌာနေတိုင်းရင်းသားများ၏ သစ်တော အပေါ်မှီခိုအားထားမှုများ၊ တန်ဖိုးထားထိန်းသိမ််းမှုများနှင့် နတ်ဘုရား တစ်ဆူကဲ့သို့ ကိုးကွယ် ယုံကြည်အားကိုးထားမှုများသည် ၄င်းတို့ဘိုးစဉ်ဘောင်ဆက်ကတည်းကပင်ရှိနှင့်ပြီး သော ရိုးရာဓလေ့ကျင့်ထုံးများပင် ဖြစ်သည်။ သစ်တောအပါ်မီခိုအားထားခြင်း   ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားကျေးရွာအများစုသည် ကျေးရွာအလိုက်သစ်တော ကြိုးဝိုင်းဧရိယာများ သတ်သတ်မှတ်မှတ်ထားရှိကြသည်။ ဤအရာများကို ကြည့်ခြင်းအားဖြင့် ဌာနေတိုင်းရင်းသားများသည် ၄င်းတို့၏နေ့စဉ်လူနေမှုဘဝတွေ အတွက်သော်လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ အခြားကဏ္ဍအတွက်သော်လည်းကောင်း သစ်တောကို အမှီသဟဲပြုနေကြသည်။ သစ်တောသည် ဌာနေတိုင်းရင်းသားများအတွက် မရှိမဖြစ်လိုအပ်နေသော ...
အကာအကွယ်မဲ့နေတဲ့ဓလေ့ထုံးတမ်းမြေယာစနစ်

အကာအကွယ်မဲ့နေတဲ့ဓလေ့ထုံးတမ်းမြေယာစနစ်

ဓာတ်ပုံ – KEAN အကာအကွယ်မဲ့နေတဲ့ဓလေ့ထုံးတမ်းမြေယာစနစ် ကျော်ဇေယျ ရေးသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိသောမော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။   ဦးဖရေရယ်တို့ကျေးရွာမှာ မြေယာအငြင်းပွားမှုတွေဖြစ်လာတဲ့အခါ ရိုးရာဓလေ့ထုံးတမ်းမြေယာ ကော်မတီ လူကြီးတွေရှေ့မှောက်မှာ မျက်နှာစုံညီဖြေရှင်းလေ့ရှိခဲ့ကြသည်။ ဓလေ့ထုံးတမ်းစည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဖြေရှင်းပေးလို့ ပြေလည်မှုရသွားကြတဲ့အခါ သဘောတူညီချက်ကို စာရွက်ပေါ်ချရေးပြီး နှစ်ဖက် လက်မှတ်ထိုး အတည်ပြုပေးလိုက်တယ်ဆိုရင်ပဲ ပြဿနာက ပြေလည်သွားတတ်ပါတယ်။ သူနေထိုင်တဲ့ ဒေါကူးခူကျေးရွာဟာ ကယားပြည်နယ်၊ ဖရူမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စုမှာ ရှိတာ ပါ။ ဒီလိုစီမံခန့်ခွဲအုပ်ချူပ်တဲ့စနစ်ဟာ ဘိုးဘွားမိဘလက်ထက်ကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး တစ်ဦးအပေါ် တစ်ဦး လူမှုဆက်ဆံရေးမပျက်သလို စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်တာမျိုးမဖြစ်ဘူးလို့ သမ္မတဦးသိန်းစိန် လက်ထက်မှာ ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသလို ကျေးရွာရိုးရာဓလေ့ထုံးတမ်းမြေယာ ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ကရင်နီ (ကယား) တိုင်းရင်းသားဦးဖရေရယ်က ရှင်းပြပါတယ်။ ဒါပေမယ့် ...