မြေ

အကျဥ်းချုပ်

မြေသည် မြန်မာနိုင်ငံနှင့်ကယားပြည်နယ်အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိအခြေခံလူထုများအတွက်အသက်ဖြစ် သည်။ အခြေခံအားဖြင့် ကယားပြည်နယ်ရှိလူထုအများစုသည် ၄င်းတို့၏မြေပေါ်တွင်မှီခိုနေရကြပါသည်။ ၄င်းတို့၏ ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုစနစ်သည်အလွန်အားကောင်းပြီး ၄င်းတို့၏ဘဝများနှင့်၄င်းတို့၏ မြေအကြားအရေးကြီး သောဆက်နွယ်မှုကိုဖော်ပြနေသည်။ မြေသည်လူထုများကိုစည်းလုံးစေရန်၊ အပြန်အလှန်နားလည်စေရန်၊ ၄င်းတို့ ၏ပိုင်နက်နယ်မြေများကိုထိန်းသိမ်းထားနိုင်ရန်၊ ၄င်းတို့၏ ယဉ်ကျေးမှုကိုထိန်းသိမ်းထားနိုင်စေရန်နှင့်အခြားသော နည်းလမ်းများအားဖြင့်လည်းအကျိုးရှိစေပါသည်။

 

ပြဿနာ

ဌာနေတိုင်းရင်းသားများ၏ရိုးရာဓလေ့မြေယာကျင့်သုံးမှုသည် အသိအမှတ်ပြုခြင်းမခံရခြင်းနှင့်ဥပဒေများအားဖြင့် အကာအကွယ်ပေးမှုမရှိခြင်းသည် ဌာနေတိုင်းရင်းသားများ ၄င်းတို့၏ဘိုးဘွားပိုင်မြေများ၊ သစ်တောများ၊ သမိုင်းဝင် မြေများ၊ အထွဋ်အမြတ်ထားရာမြေများနှင့်ရိုးရာဓလေ့မြေယာကျင့်ထုံးများကို ထိန်းသိမ်းနိုင်ရန်အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ ထို့အပြင် လက်ရှိအမျိုးသားမြေအသုံးချမှုမူဝါဒတွင်လည်း ဌာနေတိုင်းရင်းသားများ၏အမှန် တစ်ကယ်အခြေအနေများကိုပြီးပြည့်စုံစွာဖော်ပြထားခြင်းမရှိပေ။ လက်ရှိပြဌာန်းထားသောဥပဒေများနှင့်ပေါ်လစီ များကိုထပ်မံဖြည့်စွက်ခြင်းမပြုလုပ်နိုင်ပါကဌာနေတိုင်းရင်းသားများအနေဖြင့် ၄င်းတို့၏အခြေခံအခွင့်အရေးများ ဆက်လက်ဆုံးရှုံးနေရလိမ်မည်ဖြစ်ပြီး အနာဂတ်တွင်လည်း၄င်းတို့၏မြေနှင့်အရင်းအမြစ်များဆက်လက်ဆုံးရှုံးနေရ မည်ဖြစ်ပါသည်။

 

ဖြေရှင်းချက်

ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ယက်သည် ဒေသခံများ ၄င်းတို့၏မြေကိုလုံလောက်သောအကာအကွယ်ပေးမှုမရှိသောဥပဒေများနှင့်ပေါ်လစီများ အကြောင်းကိုနားလည်သဘောပေါက်စေရန်နှင့်ဒေသခံများ မြေယာဥပဒေနှင့်ပေါ်လစီများ၏ အားသာ ချက်၊ အားနည်းချက်များကိုပိုင်းခြားနိုင်စေရန်ပံ့ပိုးပေးခြင်းဖြင့် စွမ်းဆောင်ရည်များမြှင့်မားလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် KEAN သည် ဌာနေတိုင်းရင်းးသားများ၏မြေယာကျင့်သုံးမှုကို ထင်ဟပ်စေနိုင်မည့်မြေယာဥပဒေအသစ်ပြင်ဆင်ခြင်း ဖြစ်စဉ်တွင် ဒေသခံများပါ၀င်လာနိုင်စေရန်အတွက် စည်းရုံးခြင်းလုပ်ငန်းများကိုလုပ်ဆောင်နေပါသည်။ ထို့အပြင် KEAN သည် ကယား(ကရင်နီ)ပြည်ရှိဌာနေ တိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုအစီအစဉ်များကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေမှု များသည်လည်း အစိုးရအနေဖြင့်ဒေသခံဌာနေတိုင်းရင်းသားများ၏ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုအစီအစဉ် နှင့် နိုင်ငံတကာရှိစံချိန်စံညွန်များ ကိုထင်ဟပ်စေမည့်မြေဥပဒေများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။


မေးခွန်းထုတ်စရာအပြည့်ရှိနေဆဲပင်ဖြစ်သော၂၀၁၂ မြေယာဥပဒေနှင့် ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း

By Khon Soe Moe Aung, Kayah Earthrights Action Network

 

မြေနှင့်သဘာဝအရင်းအမြစ်များသည် ကယား (ကရင်နီ)ဌာနေတိုင်းရင်းသားများ၏ ဘဝ၊ အသက်၊ မျှော်လင့်ချက်ဟူ၍ တင်စားရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဌာနေတိုင်းရင်း သားများ၏ မြေနှင့် သဘာဝအရင်းအမြစ်များသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အတည်ပြုပြဌာန်းလိုက်သည့် ၂၀၁၂ လယ်ယာ မြေဥပဒေ၊ ၂၀၁၂ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကြောင့် မြေယာနှင့်ပတ်သက်သော ဌာနေတိုင်းရင်း သားများ၏ ဘဝလုံခြုံမှုသည် မေးခွန်းထုတ်စရာအခြေအနေသို့ ရောက်ရှိလာ ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြဌာန်းလိုက်သည့် မြေယာ ဥပဒေများသည် ဌာနေတိုင်းရင်းသားနှင့်အခြေခံ လူတန်း စားများ၏ မြေယာများကို စီးပွားရေးလုပ်ငန်းရှင်များ၏ လက်ထဲ သို့ တရားဝင်လွှဲပြောင်း ခွင့်ပေးထားသောဥပဒေများ ဖြစ်နေသည်ကို လက်ရှိဖြစ်ပွားနေသော မြေယာ ပြဿနာများက မီးမောင်းထိုးပြနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော ၂၀၁၂ မြေယာဥပေဒေများကို လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်အစိုးရလက်ထက်တွင် ပြန်လည် ပြ င်ဆင်နေပြီဖြစ်သော်လည်း ပြင်ဆင်ထားသည့် အချက်များသည် ဌာနေတိုင်းရင်းသားများ၏ဘဝ လုံခြုံမှုအတွက် မေးခွန်းထုတ်စရာများနှင့်သာပြည့် နှက်နေပါသည်။ ဆက်ဖတ်ရန်


အကာအကွယ်မဲ့နေတဲ့ဓလေ့ထုံးတမ်းမြေယာစနစ်

ကျော်ဇေယျ ရေးသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိသောမော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။

 

ဦးဖရေရယ်တို့ကျေးရွာမှာ မြေယာအငြင်းပွားမှုတွေဖြစ်လာတဲ့အခါ ရိုးရာဓလေ့ထုံးတမ်းမြေယာ ကော်မတီ လူကြီးတွေရှေ့မှောက်မှာ မျက်နှာစုံညီဖြေရှင်းလေ့ရှိခဲ့ကြသည်။ ဓလေ့ထုံးတမ်းစည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဖြေရှင်းပေးလို့ ပြေလည်မှုရသွားကြတဲ့အခါ သဘောတူညီချက်ကို စာရွက်ပေါ်ချရေးပြီး နှစ်ဖက် လက်မှတ်ထိုး အတည်ပြုပေးလိုက်တယ်ဆိုရင်ပဲ ပြဿနာက ပြေလည်သွားတတ်ပါတယ်”ဆက်ဖတ်ရန်

ချည်န​ောင်မူများ