သတ္တုကဏ္ဍ

ယေဘုယျအမြင်

ကယားပြည်နယ်သတ္တုတူးဖော်မှုကို ကြည့်မည်ဆိုလျှင် နေရာဒေသ တော်တော်များများတွင် သတ္တုတူးဖော်မှု လုပ်ငန်းကို လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ ထိုတူးဖော်စမ်းသပ်တိုင်းတာနေသည့် သတ္တု အမျိုးအစားများမှာ ခဲမဖြူ / အဖြိုက်နက် / ခနောက်စိမ်း / ဂလီနာခဲသတ္တု / ထုံးကျောက် / ကြေးနီ များဖြစ်သည်။ ထိုအပြင် ဒီမောဆိုမြုိ့နယ် / ဝါသောခိုကျေးရွာအနီးတွင် လည်း ကျောက်မီးသွေး ကိုပါ တူဖော်ထုတ်လုပ်ရန် လည်း လျှာထားသည်ကို တွေ့ မြင်နေရသည်။ ခဲမဖြူ / အဖြိုက်နက် ကိုမူ မော်ချီးဒေသတွင် အများဆုံး တူးဖော်နေသည်ကို တွေ့မြင်ရပါသည်။ ခနောက်စိမ်းတူးဖော်မှုကို လွိုင်ကော်မြို့နယ် / လွိုင်လင်လေးဒေသ ဖက်တွင် ပိုမို စမ်းသပ်တိုင်းတာ တူးဖော်နေသည်ကို လည်းတွေ့မြင်နေရပါသည်။ ဂလီနာခဲ နှင့် ထုံးကျောက် စမ်းသပ်တိုင်းတာမှုများလည်းရှိသည်။ ကယားပြည်နယ် ဖားဆောင်မြို့နယ် / မော်ချီးဒေသရှိ မော်ချီသတ္တုတွင်း စီမံကိန်းကို ကြည့်မည်ဆိုလျင် နိုင်ငံတော် ဘဏ္ဍာငွေ ရရှိရန်အတွက် တစ်ဖက်တစ်လမ်း မှ ကူညီထောက်ပံ့ပေးနိုင်သော သတ္တုတွင်း ကြီး တစ်ခုဖြစ်သည် မှာ ငြင်း ဆို၍မရနိုင်ပေ။ ထိုအပြင်ကယားပြည်နယ်အတွင်းရှိ အခြားသော တူးဖော်မှုများသည်လည်း နိုင်ငံတော် အတွက် အထောက်အပံ့ဖြစ်စေပါသည်။ သတ္တုတူးဖော်မှု များကို ကြည့်မည့်ဆိုလျင် ပြည်ထောင်စု ဗဟိုအစိုးရမှ ချုပ်ကိုင်းထားသည်ကို တွေ့မြင်နေရပါသည်။

 

ပြဿနာ

ကယားပြည်နယ်၏ သတ္တုတူးဖော်မှုပြဿနာကို ကြည့်မည့်ဆိုလျှင် သတ္တုတူးဖော်နေသည့် ကုမ္မဏီ တော်တော်များမျာကို လုပ်ကိုင်နေသောသူများသည် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်နေသည်ကို သိမြင်နေရပါသည်။ ၄င်းတို့၏နောက်ကွယ်တွင် နောက်ကွယ်တွင် နိုင်ငံခြားကုမ္မဏီနှင့်ပြည်တွင်းကုမ္မဏီသွယ်ဝှိုက်ဖြစ်စေတိုက်ရိုက်ဖြစ်စေ ကူညီထောက်ပံ့ မိမိတို့ကိုယ်တိုင်လည်းလုပ်ကိုင်ဆောင်ရွက်နေသည်ကို လည်းတွေ့မြင်နေရပါသည်။ ထိုအပြင်အစိုးရမှလည်း ၄င်းတို့ကို ကာကွယ်ထားသည်ကိုလည်းတွေ့မြင်နေရပါသည်။ ကယားပြည်နယ်ကို ကြည့်မည့်ဆိုလျင် အာဏာရှိသော လူတန်းစားနှင့်ငွေကြေးရှိသော လူတန်းစားများ ပူပေါင်းကာ ကယားပြည်နယ်၏ သတ္တုထုတ်လုပ်မှု ကဏ္ဍကို လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပါသည်။ ထို့ ကြောင့်ပြဿနာ များပေါ် ပေါက်လာပါက ဒေသခံ ဌာနေတိုင်းရင်းသားများ သည် ရေငုံနုတ်ပိတ်ကာ မပြောရဲမဆိုရဲသော အနေအထားတွင်ရှိနေသည်ကို သိမြင်နေရပါသည်။ ကယားပြည်နယ် သတ္တုဈေးနှုန်း ပြဿနာကြောင့် တရားမဝင် သတ္တုရောင်းဝယ်နေမှုများလည်းရှိနေသည်ကို တွေ့မြင်နေရပါသည်။ အစိုးရ အနေဖြင့် လည်း သတ္တု လုပ်ကွက်များ လုပ်ကိုင်ခွင့်ချပေးသည့် အခါတွင် ဒေသခံဌာနေတိုင်းရင်းသားတို့၏ သဘောထားမှတ်ချက်များ သဘောတူညီမှု များကို မေးမြန်းခြင်း မရှိဘဲ လျှောက်ထားသော ကုမ္မဏီ များကို လုပ်ပိုင်ခွင့် များ အလွယ်တကူ ချပေးသည်ကိုလည်း တွေ့မြင်နေရပါသည်။ ဤသည်မှာ ဌာနေတိုင်းရင်းသား တို့အတွက်များစွာ စိန်ခေါ်မှု အခက်အခဲ ပြဿနာတစ်ရပ်ဖြစ်သည်။

 

ဖြေရှင်းနည်း

အစိုးရ အနေဖြင့် သတ္တုတူးဖော်ထုတ်လုပ်မှု ကို လုပ် ဆောင်တော့မည်ဆိုလျှင် သတ္တုတူးဖော်ထုတ်လုပ်မည့် ဒေသတွင်ရှိသော ဌာနေတိုင်းရင်းသားတို့၏ သဘောထားမှတ်ချက်များကို ရယူပြီးမှသာ သတ္တုတူးဖော် စမ်းသပ်တိုင်းတာ ခြင်းများကို လုပ်ဆောင်သင့်ပါသည်။ အစိုးရ ဖြစ်စေ ကုမ္မဏီ ဖြစ်စေ သတ္တုတူးဖော်ထုတ်လုပ်မှု မပြုလုပ်မီ အချိန်ဖြစ်စေ သတ္တုထုတ်လုပ်သည့် အချိန်ဖြစ်စေ တာဝန်ယူမှု နှင့် တာဝန်ခံမှု ပွင့်လင်းမြင်သာမှု အပိုင်းတွင်ဖြစ်စေ အပြည်အဝ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သတ္တုဈေးနှုန်းများကို လည်း ပြည်နယ် အတွင်းရှိ ဒေသခံတို့မှ သဘောတူလက်ခံသော ညီမျှသော သတ္တုဈေးနှုန်း / ဈေးကွက်ကို အစိုးရ အနေနှင့် အစိုးရ တာဝန်တစ်ရပ်ဟု ခံယူကာ ဖန်တီးလုပ်ဆောင်ပေးရန်လိုအပ်သည်။ အစိုးရ အနေနှင့် လည်း ဒေသခံ ဌာနေတိုင်းရင်းသားတို့ သတ္တုတူးဖော်ခြင်းနှင့် ပါတ်သက်ပြီး ဒေသခံဌာနေတိုင်းရင်းသားများ သိသင့်သိထိုက်သော သတ္တုဆိုင်ရာအခွင့်အရေးများ အသိပညာများကို သတ္တုကဏ္ဍဆိုင်ရာ လုပ်ဆောင်နေသော ပြည်နယ်ဒေသခံလူမှုအဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများ လုပ်ဆောင်ပေးရန်လိုအပ်သည်။


တိတ်ဆိတ်စွာဆက်လက်ဖြစ်ပ​ေါ်န​ေသ​ော လူ့အခွင့်အရ​ေးနင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရ​ေးချိုးဖ​ောက်မူများ