ပူးပေါင်းကြံစည်မှု နောက်ကွယ်မှ လျှို့ဝှက်အစီအစဉ်

ကယား(ကရင်နီ)ပြည်နယ်အတွင်း၂၀၁၅ခုနှစ်နောက်ပိုင်းတွင်ပြည်နယ်အတွင်းသို့လာရောက်ရင်းနှီးမြှုပ်နံှရန်ချဉ်းကပ်လာသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်ပိုမို၍များပြားလာသည်။အချို့သောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိတော့သော်လည်းအချို့သောစီမံကိန်းများသည်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကိုစတင်လုပ်ဆောင်နေပြီးဖြစ်သည်။ထိုအထဲမှကယား(ကရင်နီ)ပြည်အတွင်းလာရောက်ရင်းနှီးမြှုပ်နှံရန်ချဉ်းကပ်လာသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သည့်“ Myanmar-Global South Industrial Park” စီမံကိန်းနှင့်ပတ်သက်၍ထိုစီမံကိန်း၏နောက်ခံအကြောင်းအရာ၊ချဉ်းကပ်သည့်ပုံစံနှင့်ရင်းနှီးမြှုပ်နံှမှုပုံစံတို့အပြင်ဤစီမံကိန်းတွင်ပါဝင်ပတ်သက်သောသူများ၏ပွင့်လင်းမြင်သာမှု၊တာဝန်ယူတာဝန်ခံမှုတို့နှင့်စပ်လျဉ်း၍လေ့လာသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ဤစီမံကိန်းကြီးသည်တရုတ်နိုင်ငံအခြေစိုက်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောHunan Global South Industrial Company Limited မှစီမံကိန်း၏ရင်းနှီးမြှုပ်နှံမှုအများဆုံးကိုထည့်သွင်းရင်းနှီးမြှုပ်နံှ၍နှစ်ရှည်အကောင်အထည်ဖော်သွားမည့်စီမံကိန်းတစ်ခုဖြစ်သည်။ဤစီမံကိန်းသည်ရင်းနှီးမြှုပ်နံှမှုပမာဏများသောစီမံကိန်းတစ်ခုဖြစ်သည့်အပြင်ကယား(ကရင်နီ)ပြည်တွင်သာမကမြန်မာနိုင်ငံတစ်နိုင်လုံးတွင်အကြီးမားဆုံးသောစီမံကိန်းအမျိုးအစားတစ်ခုအပါအဝင်ဖြစ်သည်။ထို့အပြင်ဤစီမံကိန်း၏အစိတ်အပိုင်းအချို့မှထွက်ရှိလာမည့်အဆင့်မြှင့်ထုတ်ကုန်များ(၁၀၀)ရာခိုင်နှုန်းကိုနိုင်ငံခြားသို့တင်ပို့သွားမည်ဖြစ်သည်။သို့သော်လည်းဤစီမံကိန်းကြီးတစ်ခုလုံးနှင့်သက်ဆိုင်သောသတင်းအချက်အလက်၊စီမံကိန်းအမျိုးအစား၊နောက်ဆက်တွဲဆိုင်ရာစိန်ခေါ်မှုများနှင့်စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသရှိဒေသခံပြည်သူလူထုများ၏အများစုသည်ဤစီမံကိန်းကြီးနှင့်ပတ်သက်သောအကြောင်းအရာများကိုသိရှိနိုင်မှုပင်မဆိုထားနှင့်သိရှိနိုင်ခွင့်၏အပြင်ဘက်တွင်ပစ်ပယ်ခြင်းခံနေရပါသည်။နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖွံ့ဖြိုးတိုးတက်လာရန်ဟူသောစီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုသာမျှော်ကိုး၍မှားယွင်းသောဆုံးဖြတ်ချက်များကိုပြုလုပ်ခြင်းကြောင့်လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများ၊အခြားသောလူမှုယဉ်ကျေးမှုတန်ဖိုးထားမှုများကိုပြန်လည်မရရှိနိုင်တော့သည့်ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများ၏အတွေ့အကြုံများမှသင်ခန်းစာများရယူရန်လိုအပ်ပါသည်။အဘယ်ကြောင့်ဆိုသော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟူသောမက်လုံးများ၏နောက်ကွယ်မှကြောက်စရာအလွန်ကောင်းသည့်တိတ်တဆိတ်ရေးဆွဲထားသောအစီအစဉ်များနှင့်ပူးပေါင်းကြံစည်မှုများ၏ထောင်ချောက်တွင်းသို့မကျရောက်အောင်သတိပြုရမည်ဖြစ်သည်။သို့မဟုတ်ပါကနိုင်ငံသားများနှင့်နိုင်ငံတစ်ခုလုံး၏အချုပ်အခြာအာဏာသည်ထိုမက်လုံးများဖြင့်ထာဝစဉ်ထိန်းချုပ်ခြင်းခံသွားရစေနိုင်သောကြောင့်ဖြစ်သည်။

Read More »

ရှင်းလင်းချပြရန် လိုအပ်နေသော ကယား(ကရင်နီ)ပြည်နယ်ရှိ အကြီးစားရေကာတာစီမံကိန်းများ

နမ့်ပွန်ရေကာတာတည်ဆောက်ရန် လျာထားသည့်နေရာ၊စောလုံနှင့်ဟော်ခမ်းကျေးရွာအနီး၊ ဘောလခဲ   ရှင်းလင်းချပြရန် လိုအပ်နေသော ကယား(ကရင်နီ)ပြည်နယ်ရှိ အကြီးစားရေကာတာစီမံကိန်းများ ခွန်းစိုးမိုးအောင် (ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်)   ကယား(ကရင်နီ) ပြည်နယ်အတွင်း ရွာသစ်ရေကာတာ (သံလွင်မြစ်) နမ့်ပွန်ရေကာတာ (နမ့်ပွန်ခေျာင်း) နမ့်တဘက်ရေကာတာ (နမ့်တဘက်ခေျာင်း) စသည့်ရေကာတာများတည်ဆောက်ရန် လျာထားချက်များရှိနေသည့် အပေါ်တွင် ကယား(ကရင်နီ)ပြည်နယ်ဒေသခံများအတွက် စိုးရိမ်ဖွယ်ရာမေးခွန်းများစွာကို ဖြစ်ပေါ်စေပါသည်။ ဘာအတွက်ကြောင့် ရေကာတာတွေထပ်မံတည်ဆောက်မှာလဲ။ ရေကာတာတည်ဆောက်ဖို့ ဘယ်သူတွေက ခွင့်ပြုခဲ့ တာလဲ။ ရေကာတာစီမံကိန်းတွေက ဘယ်လောက်ကြီးပြီး ဘယ်လိုပုံစံနဲ့တည်ဆောက်မှာလဲ။ ဒေသခံတွေရဲ့သ ဘောထားက ဘယ်လိုရှိနေလဲ။ ဘယ်လောက်အထိထိခိုက်မှုရှိနေမလဲ။ ထိခိုက်မှုတွေအတွက် ဘယ်သူတွေကတာ ၀န်ယူမလဲ။ လောပိတရေအားလျှပ်စစ်က ကျွန်တော်တို့ပြည်နယ်အတွက် လုံလောက်မှုမရှိတာလား စသည့်မေးခွန်း များစွာပင်ဖြစ်သည်။ အထူးသဖြင့် ပြည်သူကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားသော လက်ရှိအမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် ရေကာတာစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှာလား။ သို့မဟုတ် လုံး၀ရပ်တန့်ထားမှာလားစသည့်မေးခွန်းလေးများသည် ဒေသခံပြည်သူလူထုများအနေဖြင့် […]

Read More »